Share this

ဆဋ္ဌမနေ့ အစီအစဉ် (၃၀ - ၁ - ၂၀၁၉)

Wednesday, January 30, 2019 - 08:23
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

ဆဋ္ဌမနေ့ အစီအစဉ်

[ ၃၀ - ၁ - ၂၀၁၉ ]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ဆဋ္ဌမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးဂျေယောဝူ၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအို - မချမ်းဘော - နောင်မွန်း - ပန်နန်းဒင် - ခေါင်လန်ဖူး မြို့နယ်များ၌ ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ခွင့် ပိတ်ပင်ထားရှိမှုကို ပြန်လည်ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် ၎င်းကမ္ဘာလှည့်ခရီးသည်များ ဝေးလံခေါင်ဖျားသည့် တောင်တက်ခရီးစဉ်များတွင် ဟိုတယ်၊ တည်းခိုခန်းများ မရှိသည့် ကျေးရွာများ၌ နေအိမ်များတွင် တည်းခိုခွင့် (Home Stay) အား အထူးကိစ္စရပ်အနေဖြင့် ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် လိုအပ်လျက် ရှိသည့် ရုံးများ၊ အချုပ်ခန်းများ၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန်နှင့် ဖွဲ့စည်းပုံပြည့်ဝစေရန်၊ ဝန်ထမ်းဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာအုပ်စု (၁၉)အုပ်စု၏ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် သဲနုကုန်းကျေးရွာရှိ ရဲကင်းအား ရဲစခန်းအဖြစ်   အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါး မြို့နယ်ရှိ လုံသာရ်ကျေးရွာနှင့် ဒွမ်ဗားကျေးရွာကြား ကျေးရွာချင်းဆက် ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းရှိ အောက်ဆိပ်၊ အလယ်ဆိပ်နှင့် အပေါ်ဆိပ်တို့ကို ဆက်သွယ်ထားသော မြေနီလမ်း ၆ မိုင်၂ ဖာလုံကို ရာသီမရွေးသွားလာနိုင်သော ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း -

(က)ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)

( ခ )ဒုတိယဗိုလ်မှူးကြီးတင်ထွန်းအောင်၊ တပ်မတော်သား ကိုယ်စားလှယ်

( ဂ )ဒေါက်တာဝင်းမြင့်ချစ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)

(ဃ)ဒေါ်ရွှေရွှေစိန်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

( င )ဗိုလ်မှူးကျော်ဖြိုးဝင်း၊ တပ်မတော်သား ကိုယ်စားလှယ်

( စ )ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)

(ဆ)ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ရပ်နားကြောင်းနှင့် သတ္တမနေ့ အစည်းအဝေး  ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။