Share this

ဆဋ္ဌမနေ့ အစီအစဉ် (၂၅.၁.၂၀၁၈)

Thursday, January 25, 2018 - 09:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး

ဆဋ္ဌမနေ့ အစီအစဉ်

[ ၂၅ - ၁ - ၂၀၁၈ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ

 

၁။     အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။     အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။     အမျိုးသားလွှတ်တော် ဆဋ္ဌမနေ့ အစည်းအဝေးအစီအစဉ် ကြေညာခြင်း။

၄။     အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

၅။    ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က)  ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မြို့နယ်၏ မဟာဗျူဟာလမ်းတစ်လမ်းဖြစ်သည့် ရမ်းဗြဲ-ကျောက်နီမော်လမ်း ၂၅ မိုင် ၅ ဖာလုံ လမ်းပိုင်းကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရန်ကုန် - စစ်တွေ အဝေးပြေးကားလမ်းမပေါ်တွင် တည်ရှိသည့် မြောက်ဦးမြို့နယ်၊ မြောင်းဘွေ ချောင်းကူးသစ်သားတံတားကို နှစ်လမ်းသွား သံကူကွန်ကရစ်တံတားသစ် တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီးကို အထူးဦးစားပေးအနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် မကုန်မီ အပြီးသတ် ကတ္တရာထပ်ပိုးလွှာ ခင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့လာသော စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၇။    မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက် ဆွေးနွေးခြင်း-

                (က)  ဒေါ်မြတ်သီတာထွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)

                ( ခ ) ဦးသက်နိုင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)

                ( ဂ ) ဦးဘမျိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)

                (ဃ)  ဒေါက်တာဝင်းမြင့်ချစ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)

                ( င ) ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊

                             တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

                ( စ ) နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုး၊

                        ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)

                (ဆ)  ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)

                ( ဇ ) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)

                ( ဈ ) ဦးဝင်းဇော်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)

၈။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ ရပ်နားကြောင်းနှင့် သတ္တမနေ့ အစည်းအဝေး  ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။