ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
စတုတ္ထနေ့ အစီအစဉ်
[ ၅ - ၂ - ၂၀၂၀ ]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် စတုတ္ထနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီနှင့် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီတို့တွင် အဖွဲ့ဝင်နေရာများ အစားထိုး ပြင်ဆင် ဖွဲ့စည်းခြင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၏ လုပ်ပိုင်ခွင့် ဖြည့်စွက် ပြင်ဆင်ခြင်းကို လွှတ်တော်သို့ တင်ပြခြင်း။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၏ လုပ်ပိုင်ခွင့် ဖြည့်စွက်ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။
၈။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးပူဂင်ကမ်းလျန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ တီးတိန်မြို့နယ်၊ ဖာရ်တလန်းကျေးရွာ(ရွာသစ်) နယ်စပ်ဈေးနှင့် တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာ နယ်စပ်ဈေးစီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပြည်သူ့ဆေးရုံ(Reception Counter)ရှိ ဧည့်ကြို နေ့စား ဝန်ထမ်းများကို မည်သည့်အချိန်တွင် အတည်ပြုခန့်ထားပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ရွှေကျွန်းမြေ အားကစားရုံနှင့် ဆက်စပ်အဆောက်အဦများအား အသစ်ဆောက်လုပ်ပေးခြင်း သို့မဟုတ် အကြီးစား ပြင်ဆင်ထိန်းသိမ်းပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်း သည့် မေးခွန်း၊
(ဃ) ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ခုတင်(၅၀)ဆံ့ စံကိုက်ဆေးရုံအတွက် လိုအပ်သော ဆရာဝန်များနှင့် ဆေးဘက်ကျွမ်းကျင်(ဓာတ်ခွဲ)ဝန်ထမ်း ခန့်ထားပေးရန်နှင့် သားဖွားမီးယပ်ဆောင် တစ်ဆောင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)၏ ကမ္ဘာ့ဆေးဝါးလောကတွင် အသုံးပြုနေသည့် လစ်ကွာရွိုက် (Liquorice) ခေါ် နွယ်ချိုဆေးပစ္စည်းကို ကျန်းမာရေးလောကတွင် ဆက်လက် သုံးစွဲရန် သင့်/မသင့် သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( စ ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့အပြားတွင် လမ်းဘေးနေရာများ၊ ဈေးများ၊ စာသင်ကျောင်းများ၌ ရောင်းချနေသော စားသောက်ဆိုင်များ စည်းစနစ်ကျန၍ ကျန်းမာရေးနှင့် ညီညွတ်စေရန် ပြင်ဆင်ရောင်းချနိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ် စီစဉ်ပေးရန်နှင့် သင်တန်းပြီးမြောက်၍ လက်မှတ်ရရှိမှသာ ရောင်းချခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
၉။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးမှူး ကောင်စီ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း။
၁၀။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။
၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။
၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။