ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
စတုတ္ထနေ့ အစီအစဉ်
[ ၂၁ - ၇ - ၂၀၂၀ ]( အင်္ဂါနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် စတုတ္ထနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုများ သန့်ရှင်းသော သောက်ရေနှင့် သုံးစွဲရေ လုံလောက်စွာ ရရှိရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်မည်မျှ သုံးစွဲခဲ့သည်များကို သိရှိလိုခြင်းနှင့် နှစ်စဉ် သန့်ရှင်းသော သောက်ရေနှင့်သုံးရေ မည်မျှတိုးတက်မှုရှိသည်ကို မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရှိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၊ ကွင်းအမှတ်(၇၆၃-ခ)၊ အိုမကွင်း၊ ဦးပိုင်အမှတ်(၈၅)၊ ဧရိယာ(၃.၈၀)ဧက ပုံစံ(၇)ရရှိထားသော လယ်ယာမြေကို ခွင့်ပြုချက်မရဘဲ အခြားနည်းသုံးသဖြင့် ၂၀၁၇ ခုနှစ်က အမျိုးသားလွှတ်တော်၊ ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ တိုင်ကြားရာ ကော်မတီ၏ အကြံပြုချက်များကို အမျိုးသား လွှတ်တော်ရုံးမှ သက်ဆိုင်ရာသို့ ပေးပို့ခဲ့သောကြောင့် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့်အညီ တရားစွဲခဲ့ပြီး ဆိုင်ရာတရားရုံးက ထောင်ဒဏ်အပြစ်ပေးခဲ့ သော်လည်း ကျူးလွန်ခဲ့သူအား လယ်ယာမြေထဲမှ ဖယ်ရှားခြင်း မပြုခဲ့သည့် အတွက် ဆက်လက်၍ ထပ်မံကျူးလွန်နေသည်ကို ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့်အညီ ဆက်လက် အရေးယူရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) စောသန်းထွဋ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စုနှင့် မြိုင်ကလေးကျေးရွာအုပ်စုရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် သိမ်းဆည်းခဲ့ပြီး စီမံကိန်းလုပ်ငန်းများ မဆောင်ရွက်သောမြေများအား ပြန်လည်စွန့်လွှတ်ရာတွင် မူလဒေသခံ တောင်သူများကို ပြန်လည်ပေးအပ်မှုမရှိသည့်ကိစ္စနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်း၊
(ဃ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဖုန်ကကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စာသင်ဆောင် မလုံလောက်ပါသဖြင့် (၉၀x ၃၀)ပေ အုတ်ညှပ် Steel Structure ဖြင့် ဆောက်လုပ်နိုင်ရေး ရန်ပုံငွေခွဲဝေချထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထိန်းခေါင်းကျေးရွာအုပ်စု၊ လုံနူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် တိုင်ဝကျေးရွာအုပ်စု၊ ဂဏန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းဆောင်သစ် (၁၂၀x၃၀)ပေ RC နှစ်ထပ်အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( စ ) ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ အန္တရာယ်ရှိ ကျောင်းဆောင်များအား ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-
-ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)
၇။ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ “မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓာတ်ကြွင်း များကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများ လျှော့ချြခင်းဆိုင်ရာ လေ့လာ စိစစ်မှု” အစီရင်ခံစာကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-
(က)ဒေါ်ရွှေရွှေစိန်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)
( ခ )ဦးဘမျိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)
၈။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။