| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးတင်မောင်မြင့် |
| တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) | |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော် |
| ကာကွယ်ရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
စက်ရုံနယ်နိမိတ် အတွင်းရှိ ကျေးရွာများမှ နေအိမ်၊ ခြံ၊ ဥယျာဉ်များကို အသုံးပြုခြင်းနှင့် ပတ်သက်၍ ဒေသခံများ မနစ်နာရအောင် မည်သို့ စီမံ ဆောင်ရွက်ထား ရှိသည်ကို သိရှိလိုပါကြောင်း၊ စက်ရုံမှ ထွက်ရှိလာသော အခိုးအငွေ့ များနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် အနီးရှိ ဒေသခံပြည်သူများ ဘေးအန္တရာယ် ကျရောက်နိုင်မှု ရှိ/မရှိ၊ စက်ရုံ တည်ဆောက် ပြီးစီးပါက နိုင်ငံတော်နှင့် ဒေသခံပြည်သူများ မည်သို့ အကျိုးကျေးဇူး ခံစားရမည်ကို သိရှိလိုပါကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၇)ရက်မြောက်နေ့ အစည်းအဝေး မှတ်တမ်း၏ စာမျက်နှာ(၆) တွင်ဖတ်ရှုပါ။ |