|
အစည်းအဝေးကျင်းပသည့် နေ့ရက် |
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဒေါက်တာဇော်လင်းထွဋ် |
| မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး |
| ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန | |
| အကြောင်းအရာ |
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးပညာ မဟာသိပ္ပံဘွဲ့လွန် သင်တန်းများတွင် တက်ရောက်ခွင့်ရ စာမေးပွဲများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်နှင့် ထူးချွန်၍ ပြည်သူ့ကျန်းမာရေးကို အမှန်တကယ် စောင့်ရှောက်ပေးနိုင် သော အထူးကုဆရာဝန်ကြီးများ မွေးထုတ်ပေးနိုင်ရန်အတွက် မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၁၅)တွင် ဖတ်ရှုပါ။ |