| အစည်းအဝေးကျင်းပသည့်နေ့ရက် | ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးခင်မောင်ရီ |
| ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) | |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် |
| ပြည်ထဲရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
ကမ္ဘာတစ်လွှား၌ အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်ရေးသမားများ က ပြည်သူများ စုဝေးရာနေရာများ၌ အကြောင်းမဲ့ ဝင်ရောက်တိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ပြည်သူအများအပြား သေကြေပျက်စီးရသည့် ဖြစ်ရပ်များ ပေါ်ပေါက်နေသဖြင့် ထိုသို့ အစွန်းရောက်အကြမ်းဖက်သမားများ ဝင်ရောက်ခြင်းကိစ္စမျိုးအတွက် ကြိုတင်ကာကွယ်ရေး အစီအစဉ်များ၊ စောင့်ကြပ်ကြည့်ရှုသည့်စနစ်နှင့် အရေးပေါ်ကိစ္စများ ပေါ်ပေါက်ပါက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ အစည်းအဝေး မှတ်တမ်း ၏ စာမျက်နှာ (၅)တွင် ဖတ်ရှုပါ။
|