| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးခင်မောင်မြင့် |
| ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း |
| သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
ကချင်ပြည်နယ်၊ ဖားကန့်၊ ကျောက်စိမ်းနယ်မြေ၌ အတိုင်းအဆမဲ့ ကျောက်စိမ်းတူးဖော်ခြင်း၊ စည်းကမ်းမဲ့ မြေစာစွန့်ပစ်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာပျက်စီးခြင်း၊ မြေစာပုံပြို၍ အသက် ဆုံးရှုံးမှုများ ဖြစ်ခြင်းတို့ကြောင့် ဒေသခံများကိုယ်တိုင်က ဆန့်ကျင် တားမြစ်နေရခြင်းတို့ ဖြစ်ပွားနေရာ နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာကုမ္ပဏီများအား ဥပဒေနှင့်အညီ စနစ်တကျ အချိန်မီတားမြစ် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ အစည်းအဝေး မှတ်တမ်း ၏ စာမျက်နှာ (၆)တွင် ဖတ်ရှုပါ။ |