Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာကော်မတီတို့အား Asian Development Bank(ADB) မှ Country Director Mr.Newin Sinsiri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကလာရောက်တွေ့ဆုံ

Wednesday, May 30, 2018 - 13:22
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာကော်မတီတို့အား Asian Development Bank(ADB) မှ Country Director Mr.Newin Sinsiri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က (၂၉.၅.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

 

ယင်းတွေ့ဆုံရာတွင် Mr.Newin Sinsiri မှ The Power Network Development Project နှင့်ပတ်သက်၍ လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားပါသည်။ အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးလွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၃)ဦး၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။