အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော်၊ နိုင်ငံတကာရေးရာကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Mr.Alexei Chepa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က (၂၅.၇.၂၀၁၈)ရက်နေ့ (၁၄၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ ကော်မတီဝင်များဖြစ်ကြသော ဦးဂျေယောဝူ၊ ဦးမောင်မောင်လတ်၊ ဒေါက်တာဦးကြွယ်ကြွယ်၊ ဗိုလ်မှူးဇဝန နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။