Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

Wednesday, June 13, 2018 - 15:05
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၁၃.၆.၂၀၁၈)ရက်နေ့ (၁၂၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အစည်းအဝေးတွင်  လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတကာရေးရာများအား ဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင် ဦးဂျေယောဝူမှ ဖိလစ်ပိုင်နိုင်ငံအကြောင်း Power Point ဖြင့် ရှင်းလင်းဆွေးနွေးပါသည်။

 

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို(၁၃၄၀)နာရီတွင် ရုပ်သိမ်းပါသည်။