အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၆.၆.၂၀၁၈)ရက်နေ့ (၁၁၃၀)နာရီ တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ်(I-18) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
အစည်းအဝေးတွင် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပြီး ကော်မတီအဖွဲ့ဝင် ဒေါက်တာဦးကြွယ်ကြွယ်မှ တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်လာပုံအကြောင်း Power Point ဖြင့်တင်ပြဆွေးနွေးပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူး ဒေါ်ထုမေနှင့် အတူ ကော်မတီအဖွဲ့ဝင်များတက်ရောက်ကြပြီး အစည်းအဝေးကို(၁၃၁၀)နာရီတွင် ရုပ်သိမ်းပါသည်။