အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးကော်မတီနှင့်အတူ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် တွေ့ဆုံ၍ မြန်မာ့ဆန်စပါးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို (၇.၆.၂၀၁၈)ရက်နေ့ (၁၃၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင် အမှတ် (I-15 ) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
ဆွေးနွေးပွဲတွင် မြန်မာ့ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ကော်မတီ(၂)ရပ်မှ ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်း နှင့် ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ကော်မတီအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး၊ အကြံပေးပုဂ္ဂိုလ်၊ အထွေထွေမန်နေဂျာနှင့် ရုံးအဖွဲ့မှူးတို့ တက်ရောက်ခဲ့ကာ အစည်းအဝေး ကို(၁၅၄၀)နာရီတွင် ရုပ်သိမ်းပါသည်။