အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ကဏ္ဍမှ တာဝန်ရှိပုဂ္ဂိုလ်များက (၃၀.၅.၂၀၁၈) ရက်နေ့ (၁၄၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းဆွေးနွေးသည်။
ယင်းသို့တွေ့ဆုံရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက လျှပ်စစ်ကဏ္ဍ၏ စွမ်းအင်မူဝါဒ၊ ရေအားလျှပ်စစ်စီမံကိန်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ၊ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးမီးရရှိရေးအစီအမံများ၊ သဘာဝဓာတ်ငွေ့လျှပ်စစ်စီမံကိန်းများ၊ နေရောက်ခြည်သုံးလျှပ်စစ်စီမံကိန်းများ၊ ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်းများ၊ ဓာတ်အားဖြန့်ဖြူးမှု အစီအမံများနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၈)ဦးတို့ တက်ရောက်ကြပါသည်။