Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစီအစဉ် (၂၂-၇-၂၀၂၆)

Wednesday, July 22, 2026 - 10:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး 

၂၀ ရက်မြောက်နေ့ အစီအစဉ်

[ ၂၂ - ၇ - ၂၀၂၆ ] ( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၂၀ ရက်မြောက်နေ့ အစည်းအဝေးအစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေးမတက်ရောက်နိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က) ဦးသိန်းမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်မိုးရာသီ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်ချိန်တွင် လမ်းရေကျော်မှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည့် မော်လမြိုင်(ဟင်္သာအဝိုင်း) - ကျိုက်မရောလမ်း နှင့် ကျိုက်မရော - ကျွန်းရွာလမ်းများအား လမ်းအဆင့်ပြန်လည်မြှင့်တင်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊

( ခ ) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ချင်းဆက် မိုင်(၃၀)လမ်းအား အကျယ်(၁၂)ပေလမ်းမှ အကျယ်(၁၈)ပေ နိုင်လွန်ကတ္တရာလမ်းအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊

( ဂ ) ဦးဇော်မြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)၏ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသော အတ္ထရံတံတား (ချောင်းနှစ်ခွ)အား အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊

(ဃ) ဦးဉာဏ်ထွန်း၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မောင်းလှော်ကျေးရွာအုပ်စုနှင့် မင်းဂုတ်ကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂၀၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တို့တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊

( င ) ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်းရှိ စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသော ခရိုင်ချင်းဆက် လမ်းမကြီး(၃)ပိုင်းအား ပြည်ထောင်စုဘတ်ဂျက် သို့မဟုတ် တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် ထည့်သွင်း၍ အမြန်ဆုံးအဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊

( စ ) ဦးမြင့်သိန်း၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃)၏ ကယားပြည်နယ်၊ လွိုင်ကော်၊ ပင်လောင်း၊ အောင်ပန်းလမ်းခွဲအထိ ရိုးရိုးကတ္တရာလမ်းမကြီးအား (၁၈)ပေအကျယ် နိုင်လွန်ကတ္တရာလမ်းမကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ - ထိုင်း လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်းခွင့်ပြုရန်နှင့် အသင်းတွင်ပါဝင်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း။

၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့တင်သွင်းခြင်း။ 

၈။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၁၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်‌တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းခြင်း။ 

၁၁။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်‌တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်‌တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၁၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၂၁ ရက်မြောက်နေ့ အစည်းအဝေးဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။