Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ အစီအစဉ် (၂၀-၇-၂၀၂၆)

Monday, July 20, 2026 - 13:30
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး 

၁၉ ရက်မြောက်နေ့ အစီအစဉ်

[ ၂၀ - ၇ - ၂၀၂၆ ] ( တနင်္လာနေ့ ) နေ့လယ် ၁၃:၃၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၉ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဒေါ်အေးချမ်းမုံ၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၏ လယ်ယာမြေအငြင်းပွားမှုများနှင့်စပ်လျဉ်း၍ လက်ရှိဥပ‌ဒေပြဋ္ဌာန်းချက်များကို ကျင့်သုံးရာတွင် ဖြစ်ပေါ်နေသည့် စီရင်ပိုင်ခွင့်ဆိုင်ရာ မရှင်းလင်းမှုများအပေါ် ပြည်သူများအနေဖြင့် သံသယကင်းရှင်းစွာနားလည်နိုင်စေရန် လယ်ယာမြေအငြင်းပွားမှုများဖြစ်ပေါ်လာပါက တရားရုံးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တို့အနက် မည်သည့်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို အတည်ယူရမည်ဖြစ်ကြောင်း ရှင်းလင်းစွာသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊

( ခ ) ဦးသိန်းမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာရှိ ပက်ကလက်တူးမြောင်းနှင့် စံပယ်ဂူလမ်းဘေးတူးမြောင်းအနီးတွင် ရေထိန်းတံခါးတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း၊

( ဂ ) ဦးရခွီဖုန်(Rakwi Pung)၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုပြည်သူ့ဆေးရုံအား ခုတင်(၁၀၀)ဆံ့ဆေးရုံမှ ခုတင်(၃၀၀)ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း၊

(ဃ) ဦးစောသွင်၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉)၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုတွင် (၁၆)ခုတင်ဆံ့တိုက်နယ်ဆေးရုံအား (၂၅)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊

( င ) ဦးအောင်မင်းနိုင်၊ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်ကုသသူ ဆရာဝန်/ဆရာမများ အရေးပေါ်ပြုစုစောင့်ရှောက်မှု အရည်အသွေးများ မြင့်မားလာစေရန် တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များအား Emergency Care Training and Basic Life Support သင်တန်းများဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း။

၆။ ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၏ လယ်ယာမြေနည်းဥပဒေ ၂၀၁၂ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁၀၃၊ ပုဒ်မ ၁၀၄၊ ပုဒ်မ ၁၀၆ ၏ ပုဒ်မခွဲ(က)(ခ)(စ) နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ(က)တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း- 

(က) ဒေါ်ကျင်သိန်း၊ ဧရာဝတီတိုင်းဒေသကြီး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်( ၉ )

( ခ ) ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်( ၁ )

( ဂ ) ဒေါ်ခင်ဆွေ၊ မကွေးတိုင်းဒေသကြီး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂)

(ဃ) ဒေါ်အေးချမ်းမုံ၊ မွန်ပြည်နယ်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်( ၆ )

( င ) ဒေါ်ဇင်ပပဦး၊ ဧရာဝတီတိုင်းဒေသကြီး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)

မှတ်ချက်။ တစ်ဦးချင်း သတ်မှတ်ခွင့်ပြုချိန် ( ၈ ) မိနစ်။

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၂၀ ရက်မြောက်နေ့အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။