Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ အစီအစဉ် (၁၇ - ၇ - ၂၀၂၆)

Friday, July 17, 2026 - 09:03
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး 

၁၈ ရက်မြောက်နေ့ အစီအစဉ်

 [ ၁၇ - ၇ - ၂၀၂၆ ] ( သောကြာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၈ ရက်မြောက်နေ့ အစည်းအဝေးအစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဒေါ်မြမြသက်၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ နဝတအစိုးရကာလ ၁၉၈၉ ခုနှစ်ကတည်းက မြို့ကွက်သစ်အဖြစ် တိုးချဲ့တည်ဆောက်ပေးခဲ့သည့် စစ်တွေမြို့၏ ရပ်ကွက်ကြီးတစ်ခုဖြစ်သော မင်းဂံရပ်ကွက်တွင် ကွန်ကရစ်လမ်း ထပ်မံခင်းပေးရန်ကျန်ရှိသော မြေသားလမ်း အရှည် (၈၀၅၄၀)ပေအား ဘဏ္ဍာရေးနှစ်အလိုက် ပြီးပြည့်စုံအောင် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် မင်းဂံရပ်ကွက်၌ မြို့ပြ စီမံကိန်းအရတည်ဆောက်ထားသည့်ဈေးအား စည်ပင်ဥပဒေ၊ ဈေးအင်္ဂါရပ်နှင့်အညီ သပ်ရပ်သန့်ရှင်းစွာ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း၊

( ခ ) ဒေါ်မီမီကျော်ထွန်း၊  ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဟူးကောင်း ရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၏ (၁၂၀ x ၂၀ x ၁၂)ပေ တစ်ထပ်ကျောင်းဆောင် သွပ်မိုး၊ သမံတလင်းခင်း၊ အုတ်ညှပ်(ပင်မဆောင်)အား ဖျက်သိမ်းခွင့်ပြုရန်နှင့် (၁၃၀ x ၃၀)ပေ RC (၂)ထပ် အစားထိုးကျောင်းဆောင်သစ်တစ်ဆောင်အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊

( ဂ ) ဒေါ်မီမီကျော်ထွန်း၊  ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်အတွင်းရှိ ကင်ဆားရာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း၊

(ဃ) ဒေါ်မီမီကျော်ထွန်း၊  ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဒူးကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၏ (၁၀၀x၂၄x၁၃)ပေ တစ်ထပ်ဆောင် သွပ်မိုး၊ ပျဉ်ထောင်/ထရံကာ၊ ပျဉ်ခင်း(ပင်မဆောင်)အား ဖျက်သိမ်းရန်နှင့် (၁၃၀x၃၀)ပေ RC ကျောင်းဆောင်သစ်တစ်ဆောင် အစားထိုးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း။

၆။ ဒေါ်ခင်ဆွေ၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂)၏ မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေး ရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ/ နည်းဥပဒေ ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ်ရယူခြင်း။

၇။ အဆိုကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ပါက ယင်းအဆိုကို လက်ခံဆွေးနွေးရန် မရှိကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

(သို့မဟုတ်)

အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပါက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၉ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။