Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ အစီအစဉ် (၁၃-၇-၂၀၂၆)

Monday, July 13, 2026 - 13:30
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး

၁၆ ရက်မြောက်နေ့ အစီအစဉ်

 [ ၁၃ - ၇ - ၂၀၂၆ ] ( တနင်္လာနေ့ ) နေ့လယ် ၁၃:၃၀ နာရီ

 

 

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၆ ရက်မြောက်နေ့ အစည်းအဝေးအစီအစဉ်ကြေညာခြင်း။

၄။ အစည်းအဝေးမတက်ရောက်နိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က) ဦးကျော်ကျော်လတ်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)၏ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ သိမ်းဆည်းခံလယ်ယာမြေနှင့်ပတ်သက်ပြီး ပေးလျော်ရန်ကျန်ရှိနေသေးသော လယ်သမား (၂၀၀)ဦးခန့်အတွက် လျော်ကြေးနစ်နာကြေးရရှိနိုင်မှုအခြေအနေအား မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊

( ခ ) ဦးဇော်မင်းထူး၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိမြေများအား မြေငှားဂရန်ရရှိရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးယူနိုင်ရန်အတွက် လိုအပ်လျက်ရှိသော မြေငှားဂရန်ရရှိရေး အခက်အခဲများအား ပြည်နယ်အစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ချမှတ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊

( ဂ ) ဦးရန်နိုင်ဝင်း၊   ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်း မြို့ပြဧရိယာနှင့် လူဦးရေမမျှတမှုများအား ဖြေရှင်းနိုင်ရေးအတွက် မြို့ကွက်သစ်များ အမြန်ဆုံးဖော်ဆောင်ပေးရန်နှင့် မြို့မြေအဖြစ် သတ်မှတ်ပြီးသား မြေနေရာများတွင်  စနစ်ကျသော မြို့ကွက်သစ်များ ပေါ်ပေါက်လာစေရန်  မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း၊

(ဃ) ဦးသန်းထွန်း၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၃)၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံပြည်သူအများအပြားမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသော ပြည်သူများအတွက် သီးခြားနေရာတစ်ခုတွင် IDP Camp များကဲ့သို့ အဆောက်အဦများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း။

၆။ ဒေါ်စိုးစိုးမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂)၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များစနစ်တကျ ကောက်ခံရရှိရေးနှင့်ပြည်သူများ၊ အစိုးရဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သော အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အောက်ပါလွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့်  အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း-

(က) ဒေါ်ခင်ဆွေ၊ မကွေးတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂)

( ခ ) ဦးမင်းမင်းထွန်း၊ ကချင်ပြည်နယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈)

( ဂ ) ဦးပြည့်ဖြိုးစံ၊ စစ်ကိုင်းတိုင်းဒေသကြီး

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁)      

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၇ ရက်မြောက်နေ့ အစည်းအဝေးဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။