Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့အစီအစဉ် (၂-၆-၂၀၂၆)

Tuesday, June 2, 2026 - 08:22
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး 

ပထမနေ့ အစီအစဉ်

[ ၂ -  ၆  - ၂၀၂၆ ] ( အင်္ဂါနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ ကတိသစ္စာ မပြုရသေးသော   အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း။

၃။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၄။ အမျိုးသားလွှတ်တော် ပထမနေ့အစည်းအဝေး အစီအစဉ်ကြေညာခြင်း။

၅။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှု အခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း။ 

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော်သို့ တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း။ 

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက  နိုင်ငံတကာဆက်ဆံရေးကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီတွင်ပါဝင်သည့် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းနှင့် အမျိုးသားလွှတ်တော်၏  အတည်ပြုချက်ရယူခြင်း။

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ရပ်နားကြောင်းနှင့် ဒုတိယနေ့အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။