Share this

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီသည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအားဖိတ်ကြား၍ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကော်မတီ အစည်းအဝေး

နေပြည်တော်၊ ဇူလိုင် ၁၆

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီသည် (၁၆-၇-၂၀၂၆) ရက်၊ ကြာသပတေးနေ့၊ (၁၄:၀၀) နာရီအချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အဖွဲ့အစည်း များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17) ၌ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအဖွဲ့အစည်းများ၏ မူဝါဒ၊ ရည်မှန်းချက်များ၊ စီမံကိန်းများ၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၏ လက်ရှိအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာစောနေလင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းဟန်စိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၆း၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။