အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည့် အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံတွင် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပေးရေးဆိုင်ရာ စီမံကိန်းများနှင့် စပ်လျဉ်း၍ (၂၅.၇.၂၀၁၉)ရက် (ကြာသပတေးနေ့) နေ့လယ်(၁၃၁၅)နာရီအချိန်တွင် ရေးရာဆောင် အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီဉက္ကဋ္ဌ နှင့် အတွင်းရေးမှူးအပါအဝင် ကော်မတီဝင် (၇)ဦး တက်ရောက်ကြပါသည်။