Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ လူ့အခွင့်အရေး၊ ဘာသာရေး၊ ပြည်တွင်းပဋိပက္ခများနှင့် လူမှုအဖွဲ့အစည်းကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်နေသည့် ဒုတိယအတွင်းဝန် Mr.Ian MacKenzie နှင့် တွေ့ဆုံဆွေးနွေးပွဲကို (၁၆.၁၁.၂၀၁၈)ရက်နေ့ (၁၁၃၅)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-20)  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌဒေါက်တာဌေးကြွယ်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာဌေးကြွယ်က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားပြီး ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Mr.Ian MacKenzie က ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြပြီး ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့ပြီး သိရှိလိုသည်များကို  မေးမြန်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဌေးကြွယ်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားပြီး (၁၂၂၀)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။