ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး
၁၅ ရက်မြောက်နေ့ အစီအစဉ်
[ ၅ - ၉ - ၂၀၁၈ ]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ၁၅ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဒေါက်တာခင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ လူနည်းစုနှင့် မျိုးတုန်းပျောက်ကွယ်လုနီးဖြစ်သော ဆလုံ(ခ)မော်ကင်းလူမျိုးများ နှင့် ဒေသခံပြည်သူများ နေထိုင်လျက်ရှိသည့် ကော့သောင်းခရိုင်အတွင်းရှိ မကျုံဂလက်၊ ညောင်ဝိ၊ ဂျာလန်း၊ ဂျာအုံ နှင့် လငန်းကျွန်းများတွင် ဒေသခံ ပြည်သူများ အခြေပြုခရီးသွားလုပ်ငန်း (CBT) များ ဖော်ဆောင်ပေးရန်နှင့် ထိုကျွန်းများပေါ်ရှိ ရွာမြေများ၊ ပင်လယ်ကမ်းခြေ၊ ပင်လယ်အော်များကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် ကုမ္ပဏီများ၏ လက်ဝါးကြီးအုပ် သိမ်းပိုက်မှု များမှ ကာကွယ်စောင့်ရှောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးရုံး၏ ဟောင်းနွမ်းနေသည့် အဆောက်အဦအား ဖြိုဖျက်ပြီး (၃)ထပ်အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ စစ်တွေ - မေယုဒေသ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော မေယုမြစ်ကူးတံတားကို မူစဲကျွန်းမှ တစ်ဆင့် ဖြတ်သန်းပြီး တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးစိုင်းအုန်းကျော်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ နောင်ချိုမြို့ရှောင်လမ်းစီမံကိန်း သို့မဟုတ် ဂုတ်တွင်းတံတားသစ် ချဉ်းကပ်လမ်း စီမံကိန်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးနောင်နဂျာတန်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်စိုးမိုးကျေးရွာနှင့် နောင်လုံကောင်ရာကျေးရွာကြားရှိ နမ့်ခန်းယန် (ခေါ်) ၈ မိုင် လယ်ကွင်းသို့ သွားသောလမ်းအား တောင်သူများ နွေ၊ မိုး၊ ဆောင်း သွားလာနိုင်ရန်အတွက် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ နယ်နိမိတ် တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-
(က)ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)
( ခ )ဦးဝင်းမြင့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)
( ဂ )ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)
(ဃ)ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ ထားသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြခြင်း။
၈။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၆ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။