| အစည်းအဝေးကျင်းပသည့်နေ့ရက် | ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးခင်မောင်ရီ |
| ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) | |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | |
| ပြန်လည်ဖြေကြားသူ | အဖွဲ့ဝင် ဦးဖုန်းဇော်ဟန် |
| နေပြည်တော်ကောင်စီ | |
| အကြောင်းအရာ |
တိုင်းဒေသကြီးနှင့် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့များနှင့် ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားချက်အရ ဘဏ္ဍာနှစ်အတွင်း ပိုလျှံငွေကို ဆက်လက်သယ်ဆောင်ခွင့်မရှိဘဲ ငွေကြေး လိုအပ်ချက်ရှိပါက နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများ (SEE) နှင့်တန်းတူ ဗဟိုဘဏ်မှ အတိုးနှင့်ချေးရသည့် စနစ်သည် ဖြစ်သင့်၊ မသင့်၊ အခွန်ထမ်းပြည်သူများ ထည့်ဝင်ထားသော အခွန်အခများကို သက်ဆိုင်ရာမြို့နယ်၌ အပြည့်အဝ အသုံးချဝန်ဆောင်မှုပေးနိုင်ရေးအတွက် ပြန်လည်သုံးသပ်ရန်နှင့် စည်ပင် အဖွဲ့များအနေဖြင့် ပြည်ထောင်စုအဆင့်တွင် ဝန်ကြီးဌာန၊ ဦးစီးဌာန မရှိတော့၍ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရာထူးတိုးခွင့်၊ တိုင်းကျော် ပြောင်းရွှေ့ခွင့် အခွင့်အလမ်းများ ကြပ်တည်းသွား၍ မည်သို့စဉ်းစား ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၃)ရက်မြောက်နေ့ အစည်းအဝေး မှတ်တမ်း ၏ စာမျက်နှာ (၃၂) တွင် ဖတ်ရှုပါ။ |