အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Second Secretary ဖြစ်သူ Mr.Kazuyoshi SUZUKI က ဂျပန်နိုင်ငံ ငါးလုပ်ငန်းဥပဒေများနှင့်ပတ်သက်၍ (၂.၁၂.၂၀၁၆) ရက် (သောကြာနေ့) ၁၂၀၀ နာရီအချိန်တွင် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးရာ ဂျပန်နိုင်ငံ၏ Fishery Law နှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွက် အသုံးချနိုင်သည့် နည်းလမ်းအချို့တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာခွန်ဝင်းသောင်းနှင့်အတူ အဖွဲ့ဝင် (၁၀) ဦး၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။