အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့် အဖွဲ့ဝင်များအား ရန်ကုန်မြို့၊ အမေရိကန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr.Scot Marciel ဦးဆောင်သောအဖွဲ့က (၁၆-၈-၂၀၁၆) ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာ၌ နိုင်ငံတကာဆက်ဆံရေးတွင် လွှတ်တော်မှ ပါဝင်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ် များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့် လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူးဒေါ်ထုမေ၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးဂျေယောဝူ၊ ဦးစိုင်းအုန်းကျော်၊ ဦးနိုင်ကိုကို၊ ဦးဇော်ဟိန်း၊ ဒေါ်နန်းမိုးမိုးထွေး၊ ဗိုလ်မှူးဇဝနနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။