Share this

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀)ကျင်းပ

ကော်မတီ အစည်းအဝေး
လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၁.၇.၂၀၂၀)ရက်နေ့ (၁၁:၅၅)နာရီတွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် I-20 (အပေါ်ထပ်)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ဦးစွာပထမ အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး၊ ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်လတ်က လွှတ်တော်အခွင့်အရေးကော်မတီ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် ကော်မတီဝင်များက လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းကြပါသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို (၁၂:၅၀)နာရီတွင် ရပ်နားခဲ့ပါသည်။