Share this

Westminster Foundation for Democracy (WFD) ၏ လုပ်ငန်းစဉ်များအရ ကော်မတီအကြံပေးပုဂ္ဂိုလ် အင်ဒိုနီးရှားသမ္မတနိုင်ငံ အောက်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း Mr. Alvin Lie က ကော်မတီ၏ လုပ်ငန်းနယ်ပယ်ဆိုင်ရာနှင့် မူဝါဒဆိုင်ရာများအထောက်အကူပြုရန်အတွက် လာရောက်တွေ့ဆုံဆွေးနွေးခြင်း

လှုပ်ရှားမှုများ

WFD ၏ လုပ်ငန်းစဉ်အရ ကော်မတီအကြံပေးပုဂ္ဂိုလ် Mr. Alvin Lie နှင့်အဖွဲ့သည် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသို့ (၁၀-၂-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်၌  ရေးရာဆောင်အမှတ်(I-17) အပေါ်ထပ်အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ၂၀၁၉ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေအား လက်ရှိပြည်သူများ ကျင့်သုံးနေမှုကို ပြန်လည်သုံးသပ်ရန်အတွက် စုံစမ်းလေ့လာမှုအနေဖြင့် ကချင်ပြည်နယ်(မြစ်ကြီးနားမြို့၊ ဖားကန့်မြို့)နှင့် မန္တလေးတိုင်းဒေသကြီး(မိုးကုတ်မြို့)တို့အား သွားရောက်လေ့လာခဲ့မှုအပေါ် ပြန်လည် သုံးသပ်၍  တူးဖော်လုပ်ကိုင်နေသည့် အလုပ်သမားများ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ စွန့်ပစ်ပစ္စည်းများ၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးတို့အား အဓိကထားအကြံပြု ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ် အစီအစဉ်များကို ပူးပေါင်းညှိနှိုင်း ဆွေးနွေးခဲ့ကြ ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟ၊ အတွင်းရေးမှူး စခင်ဇော်လင်း နှင့် အဖွဲ့ဝင်များ၊  ကော်မတီရုံးဝန်ထမ်းအဖွဲ့များ၊ WFD မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။