Share this

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌနှင့် တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဋ္ဌတို့အား Forum of Federations (ဖက်ဒရယ်နိုင်ငံများဖိုရမ်)အဖွဲ့က လာရောက်တွေ့ဆုံဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီနှင့် တိုင်းရင်းသားရေးရာကော်မတီတို့သည် ဖက်ဒရယ်နိုင်ငံများဖိုရမ်က အမျိုးသားလွှတ်တော်နှင့် နားလည်မှုသဘောတူ စာချွန်လွှာရေးထိုး၍ ဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၁ - ၁၂ - ၂၀၁၉)ရက်နေ့ လွှတ်တော်အစည်းအဝေးပြီးချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I - 14) အောက်ထပ်ကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေး၊ တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်နှင့် Forum of Federations (ဖက်ဒရယ်နိုင်ငံများဖိုရမ်)တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။