အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း(ဗဟို)တို့သည် ကျန်းမာရေးမှူးကောင်စီဥပဒေမူကြမ်းအား ညှိနှိုင်းရန်အတွက် တွေ့ဆုံဆွေးနွေးပွဲကို (၁၄.၁၁.၂၀၁၉)ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-14) အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း(ဗဟို)တို့သည် ကျန်းမာရေးမှူးကောင်စီဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ကော်မတီ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၃:၄၅)နာရီအချိန်တွင် ရုပ်သိမ်းပါသည်။