တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး
သတ္တမနေ့ အစီအစဉ်
[ ၁၈ - ၆ - ၂၀၂၆ ] ( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် သတ္တမနေ့ အစည်းအဝေးအစီအစဉ်ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှု အခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးရှာမွေလရှဲန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ဝန်းဘိုကျေးရွာသို့ ဖောက်လုပ်ထားသော မြေသားလမ်းအား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးခင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်များရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ လစာထုတ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊
( ဂ ) ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ တောင်သူလယ်သမားတစ်ဦး၏ စိုက်ပျိုးစရိတ်ချေးငွေအား တစ်ဧကလျှင် ချေးငွေတစ်သိန်းခွဲ ချေးပေးခဲ့ရာမှ တစ်ဧကလျှင် ချေးငွေ ငါးသိန်းနှင့်အထက် တိုးမြှင့်ချေးပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၏ ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ရှိမြို့များဖြစ်သော ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့များ၏ ရေမြုပ်ကိုင်းမြေများပေါ်တွင် တည်ရှိသည့် ကျေးရွာအုပ်စုများ၏ ကျေးရွာချင်းဆက်လမ်းများအား ရေမြုပ်ကွန်ကရစ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊
( င ) ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၏ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပြာကတတ်ကျေးရွာအုပ်စုအတွင်းရှိ ပြာကတတ် - ဆင်လူးလမ်း (၄)မိုင်(၅)ဖာလုံ လမ်းပေါ်ရှိ ခနွယ်ရိုးတံတားအား အနီးစပ်ဆုံးဘတ်ဂျက် သို့မဟုတ်၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်နှင့် ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန်လွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများဖွဲ့စည်း ခွင့်ပြုရန်နှင့် အသင်းတွင်ပါဝင်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားရေးရာကော်မတီ၊ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီနှင့် ပညာရေးမြှင့်တင်မှုကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တောင်သူလယ်သမားရေးရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားရေးရာကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်း။
၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားရေးရာကော်မတီတွင်ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း။
၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း။
၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်း။
၁၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း။
၁၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပညာရေးမြှင့်တင်မှုကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း။
၁၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပညာရေးမြှင့်တင်မှုကော်မတီတွင် ပါဝင်သင့်သည့်အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်း။
၁၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပညာရေးမြှင့်တင်မှုကော်မတီတွင်ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း။
၁၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ ရပ်နားကြောင်းနှင့် အဋ္ဌမနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။