တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး
ဆဋ္ဌမနေ့ အစီအစဉ်
[ ၁၅ - ၆ - ၂၀၂၆ ] (တနင်္လာနေ့) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ဆဋ္ဌမနေ့ အစည်းအဝေးအစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေးမတက်ရောက်နိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း-
(က) ဦးတင်မျိုးဇော်၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြင်စိုင်းကျေးရွာအုပ်စု၊ မြင်စိုင်းကျေးရွာ မီးလင်းရေးအတွက် (11 KVA)ဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့်
ထရန်စဖော်မာ ချထားဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊
( ခ ) နန်းဝိုးစိန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာအုပ်စုများ လျှပ်စစ်မီးရရှိရေးအတွက် မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားခွဲရုံတစ်ရုံအား လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄)၏ ဝန်ကြီးဌာနများစာရင်းအရ ၂၀၁၈-၂၀၁၉ မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အခြေခံပညာအထက်တန်းအဆင့် တက်ရောက်သူအရေအတွက်မှာ သိသာထင်ရှားစွာကျဆင်းလျက်ရှိနေပါသဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကုစားမည့်အစီအမံ ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး ကော်မတီတွင်ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်းကြေညာခြင်း။
၇။ ဦးအောင်ချစ်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ အခြေခံပညာကျောင်းများရှိ ပညာသင်ကြားရေး ဆရာ/ဆရာမများ လိုအပ်နေမှုအခြေအနေကို နိုင်ငံတော်မှ အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း-
(က) ဦးထိန်လင်း၊ ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၅)
( ခ ) ဦးဉာဏ်ထွန်း၊ တနင်္သာရီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉)
( ဂ ) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)
(ဃ) ခွန်စောလွင်၊ ရှမ်းပြည်နယ်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈)
( င ) ဒေါ်အေးချမ်းမုံ၊ မွန်ပြည်နယ်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၆)
( စ ) ဦးကျော်ကျော်လင်း(ခ)ဦးထိန်လင်း၊ မွန်ပြည်နယ်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)
(ဆ) ဦးတင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈)
( ဇ ) ဦးသိန်းလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇)
( ဈ ) နော်ယုဇနဝါ၊ ကရင်ပြည်နယ်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁)
(ည) ဦးသန်းအေး(ခ) ဦးတင်ဦး၊ တနင်္သာရီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၀)
( ဋ) ဦးကျော်တင့်၊ မန္တလေးတိုင်းဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂)
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးဆဋ္ဌမနေ့ရပ်နားကြောင်းနှင့် သတ္တမနေ့အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။