တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး
ပဉ္စမနေ့ အစီအစဉ်
[ ၁ - ၁၀ - ၂၀၂၆ ] ( ကြာသပတေးနေ့ ) နေ့လယ် ၁၃:၃၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ပဉ္စမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှု အခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -
(က) ဦးသောင်းရွှေ၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉)၏ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာအုပ်စု၊ ဘုရားငါးဆူကျေးရွာတွင် တိမ်ကောနေသော ကန်ဦးရေကန်ကြီးအား ပြန်လည်တူးဖော်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံ မြို့နယ်၊ နန်းခုံကျေးရွာအုပ်စုမှ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအုပ်စု၊ ကျွဲဒပ်ကျေးရွာ၊ ကျောက်ချုပ်ကျေးရွာအုပ်စုအထိ ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့စေပြီး အများပြည်သူ အကျိုးရှိစေမည့် အကွာအဝေး (၁၃)မိုင်(၂)ဖာလုံခန့်ရှိသော ကုန်စည်ပို့ဆောင်ရေးလမ်းမကြီး ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ရှိပါက မည်သည့်ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးစောသွင်၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉)၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ လက်ခုတ်ပင်၊ ပင်လယ်သက်၊ စကာ၊ ခံကုန်း၊ ပန်းလွှား၊ တောပုတ်ကုန်း၊ ဘုမ္မနိုးကျေးရွာများရှိ လမ်းအရှည် (၈၀၆၂)ပေရှိပြီး အကျယ်(၁၂)ပေရှိသော ကုန်ထုတ်လမ်းကို ကွန်ကရစ်လမ်းအဖြစ် ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးရဲရင့်စိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇)၏ ရန်ကုန်တိုင်းဒေသကြီး၊ ဖောင်ကြီးအရှေ့ကျေးရွာ၊ ရွာလယ်လမ်းမနှင့် ဖောင်ကြီးအနောက်ကျေးရွာ ဈေးပိုင်းလမ်းမကြီးသို့ ဆက်သွယ်ထားသည့် ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော ငမိုးရိပ်ချောင်း လူကူးတံတား အစား နှစ်ဖက်မော်တော်ယာဉ် သွားလာနိုင်သော အဆင့်မြင့်ချောင်းကူးတံတားအသစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊
( င ) ဦးအောင်ကြူနိုင်၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)၏ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ အဝင်လမ်းပေါ်တွင် တည်ရှိသည့် အရှည်(၁၂၀)ပေ၊ အကျယ်(၁၄)ပေရှိ ယိုယွင်းပျက်စီးနေသော သစ်သားကြမ်းခင်းတံတား အစား ကြံ့ခိုင်မှုရှိသော သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊
( စ ) ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အလျား ပေ(၂၀၀)ရှိ “ထန်းတပင်ကြိုးတံတား” အား ပိုမိုကြံ့ခိုင်ကျယ်ဝန်းပြီး ဘေးအန္တရာယ်ကင်းရှင်းသော ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေးရန် သို့မဟုတ် ပြုပြင်မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း။
၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ပဉ္စမနေ့ ရပ်နားကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။