| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးမြင့်နိုင် |
|
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) |
|
|
ရခိုင်အမျိုးသားပါတီ |
|
| ပြန်လည်ဖြေကြားသူ |
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် |
| လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန | |
| အကြောင်းအရာ |
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၏ မြောက်ဘက်ပိုင်း ပီချောင်း ဒေသကျေးရွာများဖြစ်သည့် ပီထု၊ ငါးဆောင်ဖက်၊ ပြိုင်းချောင်း၊ ရှင်ကြမ်း၊ ဝဲကြီးဒေါင့်၊ လင့်ဇင်ရွာသစ်ကျေးရွာများနှင့် ပီချောင်းဒေသကျေးရွာများကို မဟာဓာတ်အားလိုင်းမှ 11 KVA ဓာတ်အားလိုင်းနှင့်မီသည့် ကျေးရွာ များကို 11 KVA နှင့် လည်းကောင်း၊ 11 KVA မမီသည့် ကျေးရွာများကို 33 KVA ဓာတ်အားခွဲရုံ ဆောက်လုပ်ပြီး လျှပ်စစ်မီးရရှိရေး ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၃)တွင် ဖတ်ရှုပါ။ |