ရေချိုငါးလုပ်ငန်းဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ
(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)
၁၃၇၈ ခုနှစ်၊ လ ရက်
(၂၀၁၆ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ရေချိုငါးလုပ်ငန်းဥပဒေ ကို ရုပ်သိမ်းသည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ရေချိုငါးလုပ်ငန်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁/၉၁) ကိုသက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအလိုက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များမှ ရေချိုငါးလုပ်ငန်းဥပဒေ ပြဋ္ဌာန်းပြီးသည့်နေ့မှစ၍ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
___________________________________________________________
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ)
ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်