| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးသိမ်းဆွေ |
| ၃။ | အခြားအမည်ရှိလျှင် | - | မင်းစိုး |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၄/ဖပန(နိုင်) ၀၀၃၇၆၁ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၂၉-၀၉-၁၉၆၇ / (၅၁) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ဖျာပုံမြို့ |
| ၈။ | ပညာအရည်အချင်း | - | B.Sc (Maths) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | နိုင်ငံရေး |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးမင်းဆွေ၊ ၁၄/ဖပန(နိုင်) ၀၀၃၇၅၈၊ (အငြိမ်းစား) အထက်တန်းပြ |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်စိန်တီ၊ ၁၄/ဖပန(နိုင်) ၀၀၇၀၇၅၊ (အငြိမ်းစား) အလယ်တန်းပြ |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်သင်းမိုးမိုးလွင်၊ ၁၂/ဥကတ(နိုင်) ၁၃၀၅၈၈၊ သပြေညို ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်း |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | မောင်ဘုန်းမြတ်ဆွေ၊ ၁၃-၃-၂၀၁၄ ( ၁ နှစ်၊ ၉ လ) |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ်(၄၀)၊ ဒုတိယလမ်း၊ (၆)ရပ်ကွက်၊ ဖျာပုံမြို့၊ ဧရာဝတီတိုင်းဒေသကြီး |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ် အမှတ်(၁၀) |
- ၁၉၇၂ မှ ၁၉၇၆ ထိ စံပြမူလတန်းကျောင်း၊ မြို့မမူလတန်းကျောင်း၊ ၁၉၇၇ မှ ၁၉၈၅ ထိ အထက(၁)ဖျာပုံ၊ ၁၉၈၆ မှ ၁၉၉၃ ထိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေနယ်နှင့် ပင်မ) တို့တွင် ပညာသင်ကြားခဲ့ပါသည်။
- ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း(သင်တန်းဆရာ)၊ ဒေးဒရဲမြို့နယ်၊ လေးအိမ်တန်း တွဲဘက် အ.လ.က တွင် ရွာခန့်ဆရာ၊ ဘုန်းတော်ကြီးသင် သမိုင်းမြို့မကျောင်းတွင် အခမဲ့စာသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
- ၁၉၈၉-၁၉၉၀ တွင် ဖျာပုံမြို့နယ်၊ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီတွင် အတွင်းရေးမှူး၊ ၁၉၈၉-၁၉၉၂ အထိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တွင် ဖျာပုံမြို့နယ်နှင့် ဖျာပုံခရိုင်တွင်လည်းကောင်း၊ ၁၉၉၅ မှ ယနေ့အချိန် အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်း စည်းအဖွဲ့ဝင်၊ တိုင်းလူငယ် တာဝန်ခံ၊ ဗဟိုလူငယ်အထောက်အကူပြုအဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
- ၁၉၈၉-၁၉၉၁ ထိ ရဲစခန်းအချုပ်၊ ပုဒ်မ ၅ (ည)၊ ၅(၁)(စ)(ဆ)၊ ခြေချုပ်(၂)နှစ်။
- ၁၉၉၁ တွင် အင်းစိန်သီးသန့်ထောင် ၅(ည)ဖြင့် ထောင်(၁၀)နှစ်။
- ၁၉၉၆ မှ ၁၉၉၉ အထိ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေဖြင့် ဖျာပုံထောင် တွင် (၃)နှစ် (၉)လ၊ ၂၀၀၀-၂၀၀၁ တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ အကျယ် ချုပ် (၁)လနှင့် အင်းစိန်ထောင်တွင် ပုဒ်မ ၅(ည)ဖြင့် အချုပ် (၄)လ။
- ၂၀၀၇-၂၀၁၁ ထိ ရွှေဝါရောင် သံဃာလှုပ်ရှားမှုဖြင့် (၆) နှစ်ခွဲ ကျခံခဲ့ရပြီး အင်းစိန် ထောင်နှင့် စစ်တွေထောင်တို့တွင် နေထိုင်ခဲ့ရပါသည်။
- ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ် စားပြု၍ ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁၀) တွင် ရွေးချယ်တင်မြှောက် ခံရပါသည်။
- ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)တွင် ထပ်မံ ရွေးချယ်တင်မြှောက်ခံရပါသည်။
မှတ်ချက်