
| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဒေါ်ရွှေရွှေစိန်လတ် |
| ၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ။ |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၂/ကမရ(နိုင်)၀၃၁၁၇၁ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၂၉-၀၆-၁၉၆၆ / (၅၂) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | တောင်ငူမြို့။ |
| ၈။ | ပညာအရည်အချင်း | - | B.Sc (Hons:) Geology၊ M.Sc (Remote Sensing & GIS) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | သင်တန်းနည်းပြ၊ အလွတ်တန်းအတိုင်ပင်ခံ (Freelance Consultant) |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးတင်ရွှေ (ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်လှစိန်၊ ၁၂/ကမရ(နိုင်)၀၃၉၆၈၁၊ မှီခို။ |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးစိန္ဒိတ(ခ) ဦးစိုးမိုးအေး၊ ၇/ဒဥန(နိုင်)၀၂၅၀၉၇၊ ဂျုံးဂျုံးကျစာသင်တိုက်၊ မုဒုံမြို့နယ်။ |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (က) မောင်ကောင်းထက်ဇံ၊ ၁၂/လမန(နိုင်)၁၄၄၄၈၇၊ ကျောင်းသား။ (ခ) မောင်ဝေယံလင်းထက်၊ ၁၂/လမန(နိုင်)၁၆၄၆၇၈၊ ကျောင်သား။ |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ်(၁၄၅)အခန်း(၇)အေ၊ ဘုရင့်နောင်လမ်းမကြီး (၂) ရပ်ကွက်၊ လှိုင်မြို့နယ်။ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃) |
(၁၉၇၁) အ.မ.က၊ ပန်းဘဲတန်း၊ တောင်ငူမြို့၊ (၁၉၇၂) အထက၊ နတ်သံကွင်း၊ ကျောက်ကြီးမြို့နယ်၊ (၁၉၇၃ – ၇၅)အမက၊ ပန်းဘဲတန်း၊ တောင်ငူမြို့၊ (၁၉၇၆ – ၇၈) အလက၊ ညောင်ခြေထောက်၊ အုတ်တွင်းမြို့နယ်၊ (၁၉၇၉ – ၈၁) အထက၊ ဒိုက်ဦး၊(၁၉၈၃ – ၈၄) ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ၊ (၁၉၈၅-၈၇) ရန်ကုန်တက္ကသိုလ်(ပင်မ)၊ (၁၉၉၇ – ၉၈) အာရှနည်းပညာ တက္ကသိုလ် (ဘန်ကောက်၊ ထိုင်းနိုင်ငံ)၊
မူလယ်ပြ၊ အမက ဘွတ်တန်း၊ မအူပင်မြို့နယ်(၁၉၉၀) သရုပ်ပြ – ဘူမိဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်၊ (၁၉၉၁ – ၉၅) သုတေသနအရာရှိ (အာရှနည်းပညာတက္ကသိုလ်၊ ထိုင်းနိုင်ငံ) (၁၉၉၉ – ၂၀၀၃) အစီအစဉ် ညှိနှိုင်းရေးမှူး၊ ရေသုတေသနနှင့် လေ့ကျင့်ရေးပညာဌာန(NGO) ရန်ကုန် (၂၀၀၃ – ၂၀၀၅)၊ အဖွဲ့ခေါင်းဆောင်၊ အတိုင်ပင်ခံ(စွမ်းရည်ရှေ့ဆောင် – (NGO)ရန်ကုန်၊ (၂၀၀၅ – ၂၀၁၀ ) ဒါရိုက်တာ (ဖန်တီးအိမ် (NGO)ရန်ကုန်) (၂၀၁၁ – ၂၀၁၅ ဇူလိုင်ထိ)၊
ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်အဖွဲ့ဝင်၊ မြန်မာအန်ဂျီအိုကွန်ရက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့အစည်းများကွန်ရက်၊ ကျား/မ တန်းတူညီမျှကွန်ရက်၊ မြန်မာနိုင်ငံစဉ့်အသင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်များတွင် သဘာပတိ၊ ဦးဆောင်ကော်မတီဝင်၊ ပဲ့ကိုင်ကော်မတီဝင်အဖြစ် စေတနာ့ဝန်ထမ်း လုပ်ဆောင်ခဲ့ပါသည်။ ဖန်တီးအိမ် လူမှုရေးအဖွဲ့အား တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့် လူရည်ချွန်အဖွဲ့ (၁၉၆၄ – ၁၉၈၈) အဖွဲ့များတွင် အဖွဲ့ဝင်ဖြစ်ပါသည်။ အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်မှုမြှင့်တင်ရေး၊ ရွေးကောက်ပွဲနှင့် ကျား/မ တန်းတူညီမျှရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ လတ်ကောင်းဝေ (မန္တလေးဆောင်)နှင့် ရွှေရွှေစိန်လတ်အမည်ဖြင့် အကျိုးပြုဆောင်းပါးများ ရေးသားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံပေါင်း(၂၅)နိုင်ငံခန့်သို့ ပညာတော်သင်ဆုဖြင့် စာတမ်းဖတ်ကြားသူ၊ ဆွေးနွေးတင်ပြသူ၊ လေ့လာသူအဖြစ် သွားရောက်ခဲ့ပါသည်။
၁၉၈၃ – ၈၄ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးမှ ချီးမြှင့်သော ရန်ကုန် တက္ကသိုလ်၊ လှိုင်နယ်မြေ လူရည်ချွန်ဆု၊ ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေနှင့်ပင်မ၏ စားပွဲတင်တင်းနစ် လက်ရွေးစင်အဖြစ် (၁၉၈၃ – ၈၆) ရွေးချယ်ခံရပြီး တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့ပါသည်။
မှတ်ချက်