
| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဒေါက်တာမြသောင်း |
| ၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၇/တငန(နိုင်) ၀၆၉၆၂၆ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၁၄-၀၁-၁၉၅၅ / (၆၃) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | တောင်ငူ |
| ၈။ | ပညာအရည်အချင်း | - | M.B.B.S (Ygn), Dip.Med.Sc (Hospital Administration) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | ဆေးရုံအုပ်ကြီး(အငြိမ်းစား) |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးကျော်၊ BV - 009315 ဝန်ထမ်းအုပ်(ငြိမ်း)၊ GE တပ် |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်သန်းမြ၊ BV – 009316၊ မှီခို |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်သန်းသန်းဝင်း၊ ၇/တငန(နိုင်) ၀၆၉၅၁၂၊ မှီခို |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁) မစုစုလှိုင်၊ ၇/တငန(နိုင်) ၁၂၄၀၃၃၊ မှီခို (၂) မအိနှင်းဖြူ၊ ၇/တငန(နိုင်) ၁၂၄၀၃၂၊ Supervisor (Shwe Taung Co,Ltd) |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | ၂/၁၅၃၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ရခိုင်စုရပ်၊ တောင်ငူမြို့ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၇) |
အ.ထ.က(၂) တောင်ငူ၊ အ.ထ.က(၄) တောင်ငူ၊ အ.ထ.က(၁) မင်္ဂလာဒုံ၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်။ ၁၉၈၂ စက်ရုံဆရာဝန်၊ မှော်ဘီစက်ရုံ၊ မှော်ဘီမြို့၊ ၁၉၈၄ တာဝန်ခံဆရာဝန်၊ အကျဉ်းထောင်ဆေးပေးခန်း၊ စစ်တွေမြို့၊ ၁၉၈၈ တိုက်နယ်ဆရာဝန်၊ ကမ်းတောင်းကြီးတိုက်နယ်ဆေးရုံ၊ မြေပုံမြို့၊ (၁၉၈၉) လက်ထောက်ဆရာဝန်၊ တောင်ငူပြည်သူ့ဆေးရုံကြီး၊ (၁၉၉၂) မြို့နယ်ဆရာဝန် ၊ ကျောက်ကြီးမြို့နယ်၊ ၁၉၉၄ တိုက်နယ်ဆရာဝန်၊ ကညွတ်ကွင်းတိုက်နယ်ဆေးရုံ၊ (၁၉၉၇) မြို့နယ်ဆရာဝန်၊ စဉ့်ကူးမြို့နယ်၊ မန္တလေးတိုင်း၊ (၂၀၀၁)မြို့နယ်
ဆရာဝန်၊ မင်းကင်းမြို့နယ်၊ စစ်ကိုင်းတိုင်း၊ (၂၀၀၃)မြို့နယ်ဆရာဝန်၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးတိုင်း၊ (၂၀၀၅) မြို့နယ်ဆရာဝန်၊ ဖြူးမြို့နယ်၊ (၂၀၀၇)ဆေးရုံအုပ်၊ ကုတင် (၁၀၀)ဆေးရုံ၊ ရွှေကျင်မြို့၊ (၂၀၀၈) ဆေးရုံအုပ်ကြီး၊ ကုတင်(၂၀၀) ဆေးရုံကြီး၊ မြိတ်မြို့ (၂၀၀၉) ဆေးရုံအုပ်ကြီး၊ အထွေထွေရောဂါကုဆေးရုံကြီး၊ တောင်ငူ၊ (၂၀၁၁) ဆေးရုံအုပ်ကြီး၊ မကွေးသင်ကြားရေးဆေးရုံကြီး(၂၀၁၂) ဆေးရုံအုပ်ကြီး၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ (၂၀၁၄)ဆေးရုံအုပ်ကြီး၊ မြောက်ဥက္ကလာပအထွေထွေရောဂါကု နှင့် သင်ကြားရေးဆေးရုံကြီး၊ ရန်ကုန်၊ (၂၀၁၅) ဇန်နဝါရီလ (၁၄) ရက်နေ့တွင် မြောက်ဥက္ကလာပဆေးရုံသစ်ကြီး (ဒု-ညွှန်ကြားရေးမှူးချုပ်)ရာထူးမှ သက်ပြည့်အငြိမ်းစားယူခဲ့ပါသည်။ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌအဖြစ် စဉ့်ကူး၊ မင်းကင်း၊ ကြို့ပင်ကောက်၊ ဖြူး၊ ရွှေကျင်၊ မြိတ်၊ တောင်ငူမြို့များတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မီးဘေး၊ ရေဘေး၊ မီးရထားမိုင်းဗုံးကွဲမှုများတွင် ကယ်ဆယ်ရေးကုသရေးတာဝန်များ၊ မြို့နယ်ရွေးချယ်တင်မြှောက်ပွဲကော်မရှင်များတွင် အဖွဲ့ဝင် (စဉ့်ကူး၊ မင်းကင်း၊ ကြို့ပင်ကောက်၊ ဖြူး၊ ရွှေကျင်) မြို့များတွင် ဆောင်ရွက်ဖူးပါသည်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌအဖြစ်၊ မြိတ်အသင်းခွဲ (၂၀၀၈)၊တောင်ငူအသင်းခွဲ(၂၀၀၉)၊ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ် မြန်မာနိုင်ငံ အထွေထွေရောဂါကုဆရာဝန်များ ညီလာခံ(၂၀၀၉)၊ ပဲခူးတိုင်း ဆရာဝန်ညီလာခံ(၂၀၁၁)တို့ကို တောင်ငူတွင် ကျင်းပနိုင်ခဲ့ပါသည်။ မြိတ်/ တောင်ငူ ဆေးရုံမှ ကျေးလက်ဒေသသို့ အထူးကုဆရာဝန်ကြီးများ နယ်လှည့်အခမဲ့ ဆေးကုသမှု အကြိမ်များစွာ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၀ ကေတုမတီ (တောင်ငူ) မြို့တည် နန်းတည်နှစ်(၅၀၀) ပြည့်ပွဲတော်ကျင်းပရေး ဗဟိုကော်မတီဝင် သုတေသနစာတမ်း၊ မဂ္ဂဇင်းထုတ်ဝေရေးကော်မတီတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ တောင်ငူမြို့၊ ရွှေဆံတော်စေတီ အလှည့်ကျ ဂေါပကအဖွဲ့ဝင်၊ တောင်ငူမြို့၊ ၃၆၅ ရက်နေ့ ဆွမ်းလောင်းအသင်းနာယက၊ ကေတုမတီ(တောင်ငူ) ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ၊ (၂၀၁၁) ဆေးတက္ကသိုလ်(မကွေး)၏ ပညာရေးအဖွဲ့ဝင်၊ (၂၀၁၂) ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ ပညာရေးအဖွဲ့ဝင်၊ (၂၀၁၂) ရန်ကုန်ဆေးဝါးတက္ကသိုလ်၏ ပညာရေးအဖွဲ့ဝင်၊ (၂၀၁၂) ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၏ စာစစ်အဖွဲ့ဝင်၊ (၂၀၁၄) ဆေးတက္ကသိုလ်(၂) ရန်ကုန်၏ ပညာရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်၊ (၂၀၁၃) ပြန်ကြားရေးဝန်ကြီးဌာန၊ ရည်ညွန်းစာပေ (စွယ်စုံကျမ်းနှစ်ချုပ်) ထုတ်ဝေရေးကော်မတီအဖွဲ့ဝင်၊ (၂၀၁၄) ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ လူတွေ့စစ်ဆေးရေးအဖွဲ့ဝင်၊ (၂၀၁၄) အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ အကြံပေးအဖွဲ့ဝင်၊ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ဖြင့် အစည်းအဝေးများ၊ ဗီယက်နမ်၊ ထိုင်း၊ သီရိအလင်္ကာ၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ တက်ရောက်ခဲ့ပါသည်။ သောင်းကေတု ကလောင်အမည်ဖြင့် ကဗျာများ၊ ကျန်းမာရေး ပညာပေးဆောင်းပါးများ၊ သမိုင်းနှင့် ရှေးဟောင်းသုတေသနဆောင်းပါးများကို မဂ္ဂဇင်းဂျာနယ်များတွင် ရေးသားလျက်ရှိပါသည်။
မှတ်ချက်