
| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဒေါက်တာဝင်းမြင့်ချစ် |
| ၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၇/ပမန(နိုင်) ၀၆၆၉၃၄ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၄-၀၄-၁၉၆၂ / (၅၆) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ကြို့ပင်ဝိုင်းကျေးရွာ၊ ပေါက်ခေါင်းမြို့ |
| ၈။ | ပညာအရည်အချင်း | - | M.B.B.S (MDY), Dip.Med.Sc (G.P) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | စေတနာမိုးကိုယ်ပိုင်ဆေးကုခန်း၊ ပေါင်းတလည်မြို့။ |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးချစ်လှ၊ ၇/ပခတ(နိုင်) ၀၃၇၁၈၄၊ မှီခို |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်တင်ရှိန်(ကွယ်လွန်) |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်တင်ညိုဦး၊ ၇/ ပခတ(နိုင်) ၀၆၆၉၃၅၊ မှီခို |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁) မချစ်သက်လယ်ဦး၊ ၇/ပမန(နိုင်) ၁၄၅၆၁၈၊ ဆရာဝန် (၂) မချစ်သက်ဝေဦး၊ ၇/ပမန(နိုင်) ၁၆၉၈၃၊ B.Sc (Hons:)Business IT |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ် (၁၉၄)၊ လမ်းမတော်လမ်း၊ အရှေ့ပိုင်းရပ်ကွက်၊ ပေါင်းတလည်မြို့၊ ပြည်မြို့နယ်။ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၈) |
အ.မ.က ကြို့ပင်ဝိုင်း၊ အ.လ.က ကြို့ပင်ကန် (ပေါက်ခေါင်းမြို့)၊ အ.ထ.က ပေါက်ခေါင်းမြို့၊ ၁၉၈၀-၁၉၈၁ ခုနှစ်၊ ပြည်မြို့ဒေသကောလိပ်၊ ၁၉၈၂ ခုနှစ်၊ မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့၊ ၁၉၈၇ တွင် မန္တလေး ဆေးတက္ကသိုလ်တွင် ဆေးပညာဘွဲ့ရခဲ့ပြီး၊ ၂၀၀၀ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ Dip.Med.Sc (G.P) ဒီပလိုမာဘွဲ့ ထပ်မံရရှိခဲ့ပါသည်။
၁၉၈၈ ဧပြီလမှ စ၍ ယနေ့အထိ ပေါင်းတလည်မြို့၊ အရှေ့ပိုင်းတွင် ကိုယ်ပိုင်ဆေးကုခန်း ဖွင့်ထားပါသည်။
ပေါင်းတလည်မြို့ “ ငြိမ်းချမ်းလူငယ်” ပရဟိတ ကုသိုလ်ဖြစ်ဆေးခန်းတွင် ဆေးကုသမှုပေးလျက်ရှိပါသည်။ ပေါင်းတလည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်“အမေ့နှလုံးသား ကျန်းမာရေးကွန်ရက်” တွင် ခေါင်းဆောင်အဖြစ်ဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ ယနေ့အထိ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ သဲကုန်းမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ရွှေတောင်မြို့နယ်များသို့ သွားရောက်ပြီး အခမဲ့ဆေးကုခန်းများ ပြုလုပ်ခဲ့ပါသည်။ ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းရွာတွင်လည်း “အမေစုရင်ခွင်” အခမဲ့ ဆေးခန်းဖွင့်ပြီး လပြည့်၊ လကွယ်နေ့များတွင် သွားရောက်ကုသခဲ့ပါသည်။ ပေါင်းတလည်မြို့ “အောင်ဆန်းသွေး” သွေးလှူ ရှင်အဖွဲ့၊ အောက်ဆီဂျင် အခမဲ့ငှားရမ်းခြင်းနှင့် “အမေ့ အလင်းရောင် ”ရွေ့လျား စာကြည့်တိုက်တို့တွင်ဦးဆောင် ပါဝင်ဆောင်ရွက်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါင်းတလည်မြို့ ရပ်/ကျေး၊စည်းဥက္ကဋ္ဌ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ပုဒ်မ(၄၃၆) ပြင်ဆင်ရေး လက်မှတ်ရေးထိုးမှုတွင် ပြည်မြို့နယ် တစ်ဝန်းကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ပါသည်။
မှတ်ချက်