
| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဦးဝင်းအောင် |
| ၃။ | အခြားအမည်ရှိလျှင် | - | - |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၅/ကဘလ(နိုင်)၀၉၁၆၆၅ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၂၂-၁၁-၁၉၆၅ / (၅၃) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ဇီးကုန်း(တ)၊ ကန့်ဘလူမြို့နယ် |
| ၈။ | ပညာအရည်အချင်း | - | B.A(Q),M.A ပထမနှစ်(က)အောင် |
| ၉။ | လက်ရှိအလုပ်အကိုင် | - | တောင်သူ |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးကြည်၊ ၅/ကဘလ(နိုင်)၀၉၁၇၉၃၊ တောင်သူ |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်မြသိန်း၊ ၅/ကဘလ(နိုင်)၀၉၁၇၉၄၊ တောင်သူ |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်အေးအေးခိုင်၊၅/ကဘလ(နိုင်) ၁၃၆၇၇၆၊ အရောင်းအဝယ်(စတိုးဆိုင်) |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁) မောင်မင်းသူရအောင်၊ကျောင်းသား |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | ချမ်းအေးသာယာရပ်၊ဇီးကုန်း(တ) ကန့်ဘလူ မြို့နယ် |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၃) |
ဇီးကုန်း(တ)မြို့ရှေ့ မူလတန်းကျောင်းတွင်လည်းကောင်း၊ အ.ထ.က ဇီးကုန်းတွင်လည်းကောင်း၊ မန္တလေး အဝေးသင်တက္ကသိုလ်တွင် လည်းကောင်း၊ ရွှေဘိုမြို့ ရွှေဘိုဒီဂရီကောလိပ်တွင်လည်းကောင်း၊ မန္တလေး တက္ကသိုလ်တွင် လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။
ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးတွဲဘက် အ.ထ.ကတွင် တွဲဘက် အထက်တန်းပြအဖြစ်လည်းကောင်း၊ ဇီးကုန်း(တ)တွင် ကျူရှင်ဆရာအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် ကန့်ဘလူမြို့နယ် ကျောင်းသားခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(အထက်ဗမာပြည်)တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ၁၉၈၈ – ၁၉၈၉ တွင် NLD မြို့နယ် လူငယ်တာဝန်ခံနှင့် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၀၀ ခုနှစ်တွင် မြို့နယ်အလုပ်အမှုဆောင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ခရိုင်အောင်နိုင်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကန့်ဘလူမြို့နယ် ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တိုင်းလူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ခရိုင် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးတာဝန်ကိုလည်းကောင်း ထမ်းဆောင်ခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်လျက်ရှိပြီး ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး၊ ကန့်ဘလူဆင် ဘေးမဲ့တော သတ်မှတ်ရေး၊ဖားကန့်ရေအရင်းအမြစ်ကာကွယ်ရေး၊ ရွှေသမင် ထိန်းသိမ်းရေးများကို လွှတ်တော်နှင့် ဌာနဆိုင်ရာများသို့ တင်ပြဆောင်ရွက်ခဲ့ပါသည်။
ဇီးကုန်း(တ)ရွာ၊ ရွှေဖောင်ဦးစာကြည့်တိုက်၊ စာကြည့်တိုက် ကော်မတီ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ချပ်ကြီးဆီတွဲမီးလောင် ဒုက္ခသည် ကယ်ဆယ်ရေးတွင်လည်းကောင်း၊ မလယ်ငလျင်ဘေးသင့် ကျေးရွာများ ကူညီထောက်ပံ့ရေးတွင်လည်းကောင်း၊ ရေဘေးသင့်ရွာများ (ကန့်ဘလူ၊ ရေဦး၊ ကျွန်းလှ၊ ကောလင်း) တွင်လည်းကောင်း၊ သိမ်းဆည်း လယ်ယာမြေများပြန်လည် ရရှိရေးနှင့် အကျဉ်းကျတောင်သူများအား ကူညီထောက်ပံ့ရေးကိစ္စများတွင်လည်းကောင်း၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများတွင်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်လေ့ကျင့်ရေးမှူးများ သင်တန်းဆရာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
ABSDF နှင့် ဆက်သွယ်ရေးကြောင့် မတရားအသင်း အက်ဥပဒေပုဒ်မ (၁၇/၁) အရ အမှတ်(၂) စစ်ခုံရုံးမှ ထောင်ဒဏ် (၄) နှစ် ချမှတ်ခြင်းခံရပြီး စုစုပေါင်း (၄)နှစ် (၄) လ ထိန်းသိမ်းခံခဲ့ရပါသည်။
မှတ်ချက်