ဦးစောသန်းထွဋ်

Kayin
မဲဆန္ဒနယ်အမှတ်(၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဦးစောသန်းထွဋ်
၃။ အခြားအမည်ရှိလျှင် -  
၄။ လူမျိုး/ဘာသာ - ကရင်/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၃/ဘအန(နိုင်) ၀၂၈၂၉၄
၆။ မွေးသက္ကရာဇ် / အသက် - ၂၁-၀၃-၁၉၅၈ / (၆၀) နှစ်
၇။ မွေးဖွားရာဇာတိ - ရန်ကုန်မြို့
၈။ ပညာအရည်အချင်း - B.ECom (Eco), H.G.P
၉။ လက်ရှိအလုပ်အကိုင် - စားသောက်ဆိုင်
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးစောလှထွန်း (ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်အမာ (ကွယ်လွန်)
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်ဥမ္မာမင်းကြည်၊ ၃/ဘအန(နိုင်) ၀၂၈၂၉၃၊ စားသောက်ဆိုင်
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - (၁) စောမင်းနိုင်ထွဋ်၊ ၃/ဘအန(နိုင်) ၂၆၇၅၇၁ (၂) စောဉာဏ်ပိုင်ထွဋ်၊ ၃/ဘအန(နိုင်) ၂၆၇၉၃၇
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်-၄/၄၉၈၊ ပိတောက်လမ်း၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၂)
ကိုယ်ရေး အကျဉ်း: 

၁၉၆၂ ခုနှစ်မှ စတင်ပြီး အ.ထ.က (၅) မော်လမြိုင်တွင်လည်းကောင်း၊ အ.ထ.က(၁) ဘားအံတွင်လည်းကောင်း ပညာသင်ယူခဲ့ပြီး၊ အ.ထ.က (၁) လသာ ရန်ကုန်တွင် ဒသမတန်းအောင်မြင်ခဲ့ပါသည်။ ၁၉၇၆ ခုနှစ်မှစတင်ပြီး ကရင်ပြည်နယ် ဒေသကောလိပ်တွင် ဒုတိယနှစ်အထိလည်းကောင်း၊ ၁၉၈၀ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ဘောဂဗေဒ အဓိကဘာသာရပ်ဖြင့် စီးပွားရေးဘွဲ့ ရရှိခဲ့ပါသည်။

 ၁၉၈၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဘားအံမြို့နယ်စာရင်းရုံးတွင် စာရင်းစစ်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။

၁၉၈၉ ခုနှစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ စတင်တည်ထောင်ဖွဲ့စည်းစဥ်က မြို့နယ်အတွင်းရေးမှူးဖြစ်ပြီး ၂၀၁၂ ခုနှစ် ပြန်လည်ဖွဲ့စည်းချိန်တွင် မြို့နယ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဘားအံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဥပဒေအထောက် အကူပြုအဖွဲ့နှင့် လူမှုအထောက်အကူပြုအဖွဲ့တို့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး၊ သွေးလှူဒါန်းမှု အဖွဲ့ခေါင်းဆောင်အဖြစ်လည်း တာဝန်ယူထားပါသည်။

မှတ်ချက်