(Beta Version)

Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းအား မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်က လာရောက်တွေ့ဆုံ

Activities (EN)

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့် အဖွဲ့ဝင်များအား မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်က ၁၉.၅.၂၀၁၆ ရက်နေ့ မွန်းလွဲ ၁၄:၀၀နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီဆောင် (I-18) အပေါ်ထပ်အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ပနိုင်ငံများသို့ အလုပ်သမားများစေလွှတ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်ပေးနိုင်မည့်နည်းလမ်းများ၊ ပြည်ပနိုင်ငံများတွင် ရောက်ရှိအလုပ်လုပ်နေသော အလုပ်သမားအတွက် လူနေမှုဘဝလုံခြုံရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့် အတူ ကော်မတီဝင်များဖြစ်ကြသော ဦးစိုင်းအုန်းကျော်၊ ဒေါ်နန်းမိုးမိုးထွေး၊ ဦးရဲမြင့်စိုး၊ ဦးဇော်ဟိန်းနှင့် လွှတ်တော်ရုံမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။