Share this

အဋ္ဌမနေ့ အစီအစဉ် (၁၈ - ၂ - ၂၀၂၀)

Tuesday, February 18, 2020 - 08:00

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

အဋ္ဌမနေ့ အစီအစဉ်

[ ၁၈ - ၂ - ၂၀၂၀ ]( အင်္ဂါနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် အဋ္ဌမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာနိုင်ငံ အတွင်း၌ မြေငလျင်များ မကြာခဏ လှုပ်ခတ်လာပါသဖြင့် ငလျင်ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများနှင့် အန္တရာယ်ကျရောက် လာပါက ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် မည်ကဲ့သို့ စနစ်တကျ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် လိုအပ်နေသည့် (၃၀ x ၉၀)ပေ သိပ္ပံဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဒေါ်သန်းသန်းအေး၊  မကွေးတိုင်းဒေသကြီး   မဲဆန္ဒနယ်အမှတ်(၇)၏ မကွေး တိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်တစ်ဆောင်အား ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အခြေခံပညာနှင့် အထက်တန်းပညာသင်ကြားရေးတို့တွင် ကျောင်းဆရာနှင့်ဆရာမအချိုး လွန်စွာကွာဟနေခြင်းအား မည်သို့စီစဉ် ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ သထုံမြို့၊ သိမ်ကုန်းရပ်၊ ဦးဖြူ အခြေခံပညာမူလတန်းကျောင်းရှိ အန္တရာယ်ရှိ အဆောက်အအုံအား ဖျက်သိမ်း၍ (၉၀ x ၃၀)ပေ ကျောင်းဆောင်သစ် တစ်ဆောင်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ စစ်ပြားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဦးဥက္ကာမင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းအား (၁၃၀ x ၃၀)ပေ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က) ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)

( ခ ) ဦးစိုးသိန်း(ခ) ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေး တင်ပြခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ရပ်နားကြောင်းနှင့် နဝမနေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။