ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ပဉ္စမနေ့ အစီအစဉ်
[ ၇ - ၂ - ၂၀၂၀ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ပဉ္စမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ မှောင်တလန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၂)ထပ် ဆောင်အား ဖျက်သိမ်းပြီး RC(၂)ထပ်ဆောင်အဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ရွာကြပ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် သင်္ဂနက်ကျေးရွာ အခြေခံပညာမူလတန်း(လွန်) ကျောင်းတို့တွင် RC တစ်ထပ် ကျောင်းဆောင် တစ်ဆောင်စီနှင့် ရွာမပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် RC နှစ်ထပ် ကျောင်းဆောင်တစ်ဆောင်တို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတတက္ကသိုလ်ဝင်းအတွင်း ဆောက်လုပ်နေသော (၆၀၀ x ၄၀၀)ပေရှိ မီတာ(၄၀၀)ပြေးလမ်းပါ အားကစားကွင်းအား စံချိန်ကိုက်ဘောလုံးကွင်းနှင့် ပြေးလမ်းများအဖြစ် ပြင်ဆင် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( စ ) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ တယ်လီဖုန်း အော်ပရေတာကုမ္ပဏီများမှ မိုဘိုင်းတယ်လီဖုန်း အသုံးပြုသူများ၏ ကြိုတင် ပေးသွင်းထားသော ဖုန်းဘေလ်များထဲမှ အခြားသော ဝန်ဆောင်မှု အမျိုးအစားများအတွက်ဟုဆိုကာ ကာယကံရှင်၏ သဘောတူခွင့်ပြုချက် မဟုတ်ဘဲ အခကြေးငွေများ ဖြတ်တောက်ယူငင်မှုများ များပြားလာ၍ သုံးစွဲသူ ပြည်သူများ ဆုံးရှုံးနစ်နာနေပါသဖြင့် ထိရောက်စွာ တားဆီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း။
၇။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ရပ်နားကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။