Share this

ကမ္ဘာ့ဘဏ်မှ Sr. Natural Resources Management Specialist ဖြစ်သူ Mr. Werner Kornexl ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြခြင်း

Activities (EN)

အမျိုးသားလွှတ်တော်၊   သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီအား ကမ္ဘာ့ဘဏ်မှ Sr. Natural Resources Management Specialist ဖြစ်သူ Mr. Werner Kornexl ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၁၆-၁၂-၂၀၁၉ ရက်နေ့၊ (၁၃၀၀)နာရီအချိန်တွင် ရေးရာဆောင်အမှတ်(I-17) အပေါ်ထပ် အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် သစ်တောကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သည့် Forest Restoration, Development and Investment Project ပြင်ဆင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်းပြီး လာရောက်ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ ကော်မတီမှ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟနှင့် အဖွဲ့ဝင်များ၊  ကော်မတီရုံးဝန်ထမ်းအဖွဲ့များ၊  ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။