Share this

အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီသည် ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေး

Activities (EN)

အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီအနေဖြင့် တိုင်းရင်းသားစာပေများကို ကျောင်းချိန်အတွင်း သင်ကြားနိုင်ရေး၊ တိုင်းရင်းသားစာပေသင်ကြားမည့် နေ့စားလပေး ဆရာ/ ဆရာမများခန့်ထားနိုင်ရေးနှင့် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုသင်တန်းများတွင် ရန်ပုံငွေ ကူညီပံ့ပိုးပေးနိုင်ရေးအတွက် ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်    (၄ - ၁၂ - ၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I - 14) ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌဒေါ်နွယ်နွယ်အောင်နှင့် အဖွဲ့ဝင်များ၊ ပညာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။