(Beta Version)

Share this

ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် Westminster Foundation for Democracy (WFD)မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ Sir Hugh Bayley သည် အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများလျှော့ချခြင်းနှင့် ကာကွယ်တားဆီးရေးလုပ်ငန်းများ လေ့လာဖော်ထုတ်ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

Activities (EN)

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် Westminster Foundation for Democracy (WFD)မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ Sir Hugh Bayley တို့ တွေ့ဆုံဆွေးနွေးပွဲကို (၁၅.၁၁.၂၀၁၉)ရက်နေ့ (၁၂၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14)အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် Westminster Foundation for Democracy (WFD)မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ Sir Hugh Bayley သည် အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှု၊ သေဆုံးမှုများလျှော့ချခြင်းနှင့် ကာကွယ်တားဆီးရေးလုပ်ငန်းများ လေ့လာဖော်ထုတ်ခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် Westminster Foundation for Democracy (WFD)မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ Sir Hugh Bayley တို့တက်ရောက်ပြီး အစည်းအဝေးကို (၁၄၃၀) နာရီအချိန်တွင် ရုပ်သိမ်းပါသည်။