(Beta Version)

Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန်/ ဒုတိယကောင်စစ်ဝန်တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

Activities (EN)

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ လူမျိုးရေးပဋိပက္ခဆိုင်ရာ အရာထမ်းအဖြစ် တာဝန်ထမ်းဆောင်မည့် ဒုတိယအတွင်းဝန်/ ဒုတိယ ကောင်စစ်ဝန်ဖြစ်သူ Mr. John Ryan နှင့်တွေ့ဆုံဆွေးနွေးပွဲကို (၇.၈.၂၀၁၉)ရက်နေ့ နံနက်(၈၃ဝ)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက် တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန်/ ဒုတိယကောင်စစ်ဝန်ဖြစ်သူ Mr. John Ryan က ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြပြီး ကော်မတီ၏လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ရာ ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က ပြန်လည်ဖြေကြားခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး (၀၉၃၀)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။