19
Mar

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အရ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဓမ္မသော်တိုက်နယ်ဆေးရုံ စံကိုက်ဆောက်လုပ်ရန် ဘတ်ဂျက်ငွေ ချထားပေးသော်လည်း အခြားနတ်တလင်းမြို့နယ်၊ တာပွန်မြို့၊ တိုက်နယ်ဆေးရုံသစ်ကို နေရာပြောင်း တည်ဆောက်ရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တစ်ဦးက ကန်ထရိုက်ကုမ္ပဏီသို့ ညွှန်ကြားခဲ့သည့် အတွက် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက် ရှိနေစဉ်မှာပင် ရပ်ဆိုင်းထားရန် တားမြစ်ခဲ့ပြန်သဖြင့် ယင်းသို့ ခွင့်ပြုချက်ပေး ထားသည့် နေရာဒေသမှ လွဲ၍ အခြားနေရာဒေသသို့ ပြောင်းရွှေ့ဆောင်ရွက်ခွင့် ရှိ/မရှိကို သိရှိလိုခြင်းနှင့် နောက်နောင် ယင်းကဲ့သို့ မူဘောင်ကျော်၍ လုပ်ဆောင် ထားမှုတို့အပေါ် မည်ကဲ့သို့ စီမံထိန်းကျောင်း ကြပ်မတ်သွားရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း